စာရင်းကောက်ယူခြင်းနှင့် ပစ္စည်းဖျက်သိမ်းခြင်းကို လေ့လာစောင့်ကြည့်ခြင်း
စစ်ဆေးခြင်း၏ ရည်ရွယ်ချက်များ
- စာရင်းပစ္စည်းများ တကယ်ရှိမရှိနှင့် လက်ကျန်ပမာဏ မှန်ကန်မှု ကို စိစစ်ရန်။
- ပျက်စီး၊ ယိုယွင်း သို့မဟုတ် အသုံးမပြုတော့သော ပစ္စည်းများကို အခွန်ဌာနမှ အတည်ပြုထားသည့်အတိုင်း စနစ်တကျ ဖျက်သိမ်းမှု ရှိ/မရှိ စစ်ဆေးရန်။
စာရင်းကောက်ယူခြင်းနှင့် ဖျက်သိမ်းခြင်းကို စောင့်ကြည့်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ
- ကုမ္ပဏီဘက်မှ–
- စာရင်းကောက်ယူမည့်နေ့ရက်၊ အချိန်နှင့်တက်ရောက်မည့် စာရင်းစစ်အမည်ကို အကြိုအသိပေးရမည်။
- ဖျက်သိမ်းမည်ဆိုပါကအခွန်အရာရှိထံမှ အတည်ပြုစာ (သို့) လက်ခံအတည်ပြုခွက် ပါရှိရမည်။
- စာရင်းကောက်ယူမှုရလဒ်ကိုအတိုချုပ်ပြုစုပြီး၊ လက်ကျန်ကွာခြားမှုရှိပါက အကြောင်းရင်းကို စာရင်းစစ်သိရှိအောင် ရှင်းပြရမည်။
- စာရင်းကောက်ယူခြင်းနှင့် ဖျက်သိမ်းခြင်းကို စောင့်ကြည့်ကြောင်း စာတမ်းထုတ်ပေးရမည်။
စစ်ဆေးမှုလုပ်ငန်းစဉ်
- စာရင်းကာလအဆုံး ပစ္စည်းလက်ကျန်အစီရင်ခံစာတောင်းခံခြင်း
- 1 တွက်ချက်မှုစစ်ဆေးခြင်း– ပစ္စည်းအရေအတွက်နှင့် တန်ဖိုးများ မှန်ကန်မှုရှိမရှိ စစ်ဆေးပါ။
- 2 ကျပန်းနမူနာယူခြင်း– အရေးကြီးသော ပစ္စည်းများကို အခြေအနေအလိုက် ရွေးချယ်စစ်ဆေးပါ။
- ဖျက်သိမ်းခြင်း / စာရင်းကောက်ယူခြင်းကို စောင့်ကြည့်ခြင်း
- 1 စာရင်းကောက်ယူမှုကို ကြီးကြပ်ခြင်း– ပစ္စည်းများ မှန်မှန်ကန်ကန်ရှိမရှိ စစ်ဆေးပါ။
- 2 ဖျက်သိမ်းမှုကို စောင့်ကြည့်ခြင်း–
- ပစ္စည်းအားလုံး အပြည့်အဝဖျက်သိမ်းခံရကြောင်း သေချာစေရန်။
- ဖျက်သိမ်းနည်းလမ်း (ဖြတ်တောက်ခြင်း၊ မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း) ကို မှတ်တမ်းတင်ပါ။
- ပစ္စည်းသိုလှောင်ထားမှုနည်းလမ်း
- 1 လုံခြုံစွာသိုလှောင်မှု– ခွင့်ပြုချက်မရှိဘဲ ပစ္စည်းများ ရွှေ့ပြောင်းခြင်း (သို့) ယိုယွင်းပျက်စီးမှု မရှိစေရန်။
- 2 ပစ္စည်းအမျိုးအစား အမှတ်အသား– မှန်ကန်စွာရေတွက်နိုင်ရန် ပစ္စည်းတံဆိပ်ကပ်ခြင်း။
- 3 ဖျက်သိမ်းရန်စောင့်ဆိုင်းနေသော ပစ္စည်းများ– အသုံးပြုနိုင်သောပစ္စည်းများနှင့် သီးသန့်ခွဲထားခြင်း ရှိ/မရှိ။
- ဖျက်သိမ်းပြီးနောက် ကုမ္ပဏီ၏ လုပ်ဆောင်မှု
- ဖျက်သိမ်းပြီးသော ပစ္စည်းအားဘယ်လိုစီမံမည် (အကြွင်းအကျန်ရောင်းချခြင်း၊ မြေမြှုပ်ခြင်း၊ မီးရှို့ခြင်း) ကို မေးမြန်းပါ။
- လိုအပ်ပါကအထောက်အထားစာရွက်များ (ဥပမာ – ဖျက်သိမ်းမှုအတည်ပြုစာ) တောင်းဆိုပါ။
- စောင့်ကြည့်မှုရလဒ်အတိုချုပ်
- တွေ့ရှိချက်များ၊ အမှားအယွင်းများနှင့်ထပ်မံပြုပြင်ရန် အကြံပြုချက်များကို မှတ်တမ်းတင်ပါ။
အရေးကြီးသော မှတ်ချက်
- ဖျက်သိမ်းမှုတွင်အခွန်ဌာန၏ သီးသန့်ခွင့်ပြုချက် လိုအပ်ပါသည်။
- စာရင်းကွာခြားမှုရှိပါကအကြောင်းရင်းရှင်းလင်းချက် တင်ပြရန်။
- စာရင်းစစ်၏ လေ့လာမှုအစီရင်ခံစာသည် ကုမ္ပဏီ၏ ဘဏ္ဍာရေးတည်ငြိမ်မှုအတွက် အရေးပါသည်။