ထိုင်းနိုင်ငံ အခွန်ဌာနသို့ Disclosure Form တင်သွင်းခြင်း
Disclosure Form သည် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ သို့မဟုတ် ပူးပေါင်းလုပ်ကိုင်သည့် လုပ်ငန်းများအတွက် နှစ်စဉ်တင်သွင်းရသော အစီရင်ခံစာဖြစ်ပြီး၊ အခွန်ဥပဒေ ပုဒ်မ 71 Bis အရ ဆက်စပ်လုပ်ငန်းများဖြစ်ပြီး ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်းဝင်ငွေ ဘတ် ၂၀၀ သန်း ထက်မနည်းသော လုပ်ငန်းများအတွက် ဖြစ်ပါသည်။ ဤဖောင်ကို အီလက်ထရွန်းနစ်စနစ်ဖြင့် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ၁၅၈ ရက် အတွင်း အခွန်ဌာန၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် တင်သွင်းရမည်။
နောက်ကျ၍ တင်သွင်းပါက ပြစ်ဒဏ်ငွေ
- သတ်မှတ်ရက်ထက် ၇ ရက်အတွင်းနောက်ကျပါက၊ ပြစ်ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ကျသင့်မည်။
- သတ်မှတ်ရက်ထက် ၇ ရက်ထက်ကျော်၍နောက်ကျပါက၊ ပြစ်ဒဏ်ငွေ ဘတ် ၁၀၀,၀၀၀ ကျသင့်မည်။
- အခွန်အရာရှိက သတ်မှတ်ပါက၊ ပြစ်ဒဏ်ငွေဘတ် ၂၀၀,၀၀၀ ကျသင့်မည်။
ဆက်စပ်လုပ်ငန်းများ၏ ရှယ်ယာပိုင်ဆိုင်မှု နမူနာပုံစံများ
(အခွန်ဥပဒေ ပုဒ်မ 71 Bis အရ)
(PHOTO)
နမူနာ ၁
- A Co., Ltd.၊B Co., Ltd. နှင့် C Co., Ltd. တို့သည် ဆက်စပ်လုပ်ငန်းများဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် A Co., Ltd. သည် B Co., Ltd. နှင့် C Co., Ltd. တို့၏ ရှယ်ယာများကို ၅၀% ထက်မနည်း ပိုင်ဆိုင်ထားသောကြောင့်ဖြစ်ပါသည်။
နမူနာ ၂
- A Co., Ltd.၊B Co., Ltd. နှင့် C Co., Ltd. တို့သည် ဆက်စပ်လုပ်ငန်းများဖြစ်ပါသည်။ A Co., Ltd. သည် B Co., Ltd. ၏ ရှယ်ယာများကို ၅၀% ထက်မနည်း ပိုင်ဆိုင်ထားပြီး၊ B Co., Ltd. မှတစ်ဆင့် C Co., Ltd. ၏ ရှယ်ယာများကို ၅၆% အထိ သွယ်ဝိုက်ပိုင်ဆိုင်ထားသောကြောင့်ဖြစ်ပါသည်။
နမူနာ ၃
- A Co., Ltd.၊B Co., Ltd. နှင့် C Co., Ltd. တို့သည် ရှယ်ယာရှင်များအုပ်စုမှတစ်ဆင့် ၅၀% ထက်မနည်း ရှယ်ယာများကို ပိုင်ဆိုင်ထားသောကြောင့် ဆက်စပ်လုပ်ငန်းများဖြစ်ပါသည်။
မှတ်ချက်
ဆက်စပ်လုပ်ငန်းများ၏ ရှယ်ယာပိုင်ဆိုင်မှု ဖွဲ့စည်းပုံသည် နှစ်အတွင်း ပြောင်းလဲသွားပြီး၊ ရှယ်ယာပိုင်ဆိုင်မှု ၅၀% အောက် သို့ ကျဆင်းသွားသည့်တိုင်၊ ထိုနှစ်အတွက် ဆက်စပ်လုပ်ငန်းအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပါသည်။
Disclosure Form တင်သွင်းခြင်းနှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက၊ သင့်လုပ်ငန်း၏ စာရင်းကိုင်ပညာရှင်များနှင့် တိုင်ပင်ဆောင်ရွက်နိုင်ပါသည်။